Tachileik News Agency :



Tachileik News Agency :

Tachileik News Agency :

တာချီလိတ်မြို့တွင် နေအိမ်ထဲက အမျိုးသမီးကို ဆွဲထုတ်လာပြီး ပြန်ပေးဆွဲရန် ကြိုးပမ်း
* * * * *

မြန်မာ – ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်းမှာ နေအိမ်ထဲက အမျိုးသမီးကို ပြန်ပေးဆွဲရန် ကြိုးပမ်းမှု ဖြစ်ပွားခဲ့ပါတယ်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း အရှေ့မြို့ပတ်လမ်းမှာရှိတဲ့ ဘွန်းကျောက်ဆီပန့်အနီးက နေအိမ်မှာ ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၈)ရက်နေ့ ညက သေနတ်များ ကိုင်ဆောင်ထားတဲ့ အမည်မသိ လူတစ်စုဟာ ကားနဲ့ရောက်ရှိလာပြီး နေအိမ်အတွင်းက အမျိုးသမီးတစ်ဦးကို အတင်းဆွဲထုတ်ပြီးနောက် သေနတ်နဲ့ ချိန်ပြီး ဖမ်းဆီးခေါ်ဆောင်သွားဖို့ ကြိုးပမ်းနေတာကို CCTV မှတ်တမ်းအရ တွေ့ရပါတယ်။

နိုင်ငံ့အာဏာသိမ်းခံထားရတဲ့ အခြေအနေကို အခွင့်အကောင်းယူပြီး တာချီလိတ်မြို့မှာ ၂၀၂၂ခုနှစ် နောက်ပိုင်း ပြန်ပေးဆွဲမှုတွေ မကြာခဏဖြစ်ပွားနေသလို ခိုးဆိုးလုယက်မှုတွေဟာလည်း နေစဉ်ဖြစ်ပွားနေလျက်ရှိပေမဲ့ ဒါတွေကို သက်ဆိုင်ရာတွေက မသိသလိုနေကြအတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်မှုတွေနဲ့ သွားလာ နေထိုင်နေရတယ်လို့ ပြောနေကြပါတယ်။

တာချီလိတ်မြို့မှာ ပြန်ပေးဆွဲမှုတွေ မကြာခဏ ဖြစ်ပွားနေပေမဲ့ ပြည်သူကို ကာကွယ်ပေးတဲ့အနေနဲ့ သက်ဆိုင်ရာတွေဘက်က ဖမ်းဆီးဖော်ထုတ်တာတွေ မရှိသေးပါဘူး။

#TachileikNewsAgency

▬▬▬Tachileik News Agency▬▬▬
Email: [email protected]
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter : https://twitter.com/TNA_Myanmar
Telegram: https://t.me/TachileikNewsAgency
Instagram: https://instagram.com/tachileiknewsagency
Youtube: https://www.youtube.com/tachileiknewsagency
Facebook: https://www.facebook.com/TachileikNewsAgency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Comments are closed.