ယာဉ်တန်းလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၅ ကြိမ်တိုက်ခိုက်ခံရ



ယာဉ်တန်းလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၅ ကြိမ်တိုက်ခိုက်ခံရ

ယာဉ်တန်းလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၅ ကြိမ်တိုက်ခိုက်ခံရ

ယာဉ်တန်းလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ၅ ကြိမ်တိုက်ခိုက်ခံရ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မကွေးတိုင်း ပေါက်မြို့မှ ပခုက္ကူမြို့သို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်၏ (၄၈)စီးပါယာဉ်တန်းလုံခြုံရေးအတွက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ဩဂုတ်လ(၁၄)ရက်နေ့က (၅)ကြိမ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

ဩဂုတ်လ (၁၄)ရက်နေ့ နံနက်(၈)နာရီခွဲဝန်းကျင်တွင် ပေါက်မြို့မှ ပခုက္ကူမြို့သို့ထွက်ခွာလာသော စစ်ကောင်စီတပ်၏ အဆိုပါယာဥ်တန်းအတွက် ရှေ့ပြေးပွိုင့်အဖြစ် ခြေလျှင်ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မြို့အထွက်တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

နံနက်(၉)နာရီကျော်တွင် ခြေလျင်ထွက်ခွာလာသော စစ်ကောင်စီတပ်များအား ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ရာ ပေါက်မြို့ အိမ်တွင်းမှုကျောင်း၌ လက်နက်ကြီးအထိုင်ချထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် (၃)ချက်ပစ်ခတ်ခဲ့သဖြင့် အုန်းတောမြောက်ရွာနှင့် တောင်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

နေ့လည်(၁၂)နာရီခွဲကျော်တွင် တမာခြောက်လမ်းအရောက်၌ မိုင်း(၂)လုံးထပ်မံခွဲ တိုက်ခိုက်ရာ စစ် ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

နေ့လည်(၁)နာရီခွဲကျော်တွင် ပဒေသာမိုင်းပွိုင့်(၆)လုံးဖြင့် ထပ်မံတိုက်ခိုက်ခဲ့ပြီး နေ့လည် (၂)နာရီခွဲကျော်တွင် လမ်းပိုင်းများ၌ သစ်ပင်များလဲ၍ပိတ်ထားသည်ကို လွှစက်ဖြင့်ရှင်းလင်းနေသည့်စစ်ကောင်စီတပ်အား ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ညနေ(၄)နာရီခွဲကျော်တွင် စစ်ရှောင်များအား စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ပစ်ခတ်နေရာက ဒေသကာကွယ်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုများကို မြိုင် ပ.က.ဖ ရင်း(၃) ခွဲ(၅)၊ ပေါက် ပ.က.ဖ နှင့် ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့ များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Video : မြိုင်-ပကဖ
▬▬▬Tachileik News Agency▬▬▬
Email: [email protected]
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter : https://twitter.com/TNA_Myanmar
Telegram: https://t.me/TachileikNewsAgency
Instagram: https://instagram.com/tachileiknewsagency
Youtube: https://www.youtube.com/tachileiknewsagency
Facebook: https://www.facebook.com/TachileikNewsAgency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Comments are closed.