မင်းတုန်းမြို့ ၅ မိုင်စစ်ဆေးရေးဂိတ်အား PDFများတိုက်ခိုက်



မင်းတုန်းမြို့ ၅ မိုင်စစ်ဆေးရေးဂိတ်အား PDFများတိုက်ခိုက်

မင်းတုန်းမြို့ ၅ မိုင်စစ်ဆေးရေးဂိတ်အား PDFများတိုက်ခိုက်

မင်းတုန်းမြို့ ၅ မိုင်စစ်ဆေးရေးဂိတ်အား PDFများတိုက်ခိုက်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

မကွေးတိုင်း မင်းတုန်းမြို့၊ ဗူးတောင်းကျေးရွာအနီး၊ ပုသိမ်-မုံရွာကားလမ်းမပေါ်ရှိ စစ်ကောင်စီတပ်၏ (၅)မိုင်စစ်ဆေးရေးဂိတ်အား ဒေသကာကွယ်ရေးတပ်များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးအမှတ်(၄)တပ်ရင်းထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁၅)ရက်နေ့ ညနေပိုင်းတွင် သရက်ခရိုင်ပြည်သူ့ကာကွယ်ရေးအမှတ်(၄)တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နှင့် လွတ်မြောက်ရေးအင်အားစု စစ်သည်တော်များတပ်ဖွဲ့(WOLF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒေသကာကွယ်ရေးတပ်များက ဒရုန်း၊ (၄၀)မမ၊ လက်နက်ငယ်များဖြင့် တစ်နာရီဝန်းကျင်ကြာ ဝင်ရောက်စီနင်းတိုက်ခိုက်ခဲ့ရာ ဂိတ်စောင့် စစ်ကောင်စီတပ်သားများနှင့် ရဲများဘက်က ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိပြီး ဒေသကာကွယ်ရေးတပ်များဘက်က ထိခိုက်သေဆုံးမှုမရှိခဲ့ဟု သတင်းထုတ်ပြန်ထားသည်။

Video : Eagle Force

▬▬▬Tachileik News Agency▬▬▬
Email: [email protected]
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter : https://twitter.com/TNA_Myanmar
Telegram: https://t.me/TachileikNewsAgency
Instagram: https://instagram.com/tachileiknewsagency
Youtube: https://www.youtube.com/tachileiknewsagency
Facebook: https://www.facebook.com/TachileikNewsAgency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Comments are closed.