မင်းပြားမြို့နယ်တွင်း နေ့လည် (၁)နာရီအခြေအနေမှာ လေပြင်းတိုက်ခိုက်ပြီး မိုးသည်းထန်စွာ ရွာနေ



မင်းပြားမြို့နယ်တွင်း နေ့လည် (၁)နာရီအခြေအနေမှာ လေပြင်းတိုက်ခိုက်ပြီး မိုးသည်းထန်စွာ ရွာနေ

မင်းပြားမြို့နယ်တွင်း နေ့လည် (၁)နာရီအခြေအနေမှာ လေပြင်းတိုက်ခိုက်ပြီး မိုးသည်းထန်စွာ ရွာနေ

မင်းပြားမြို့နယ်တွင်း နေ့လည် (၁)နာရီအခြေအနေမှာ လေပြင်းတိုက်ခိုက်ပြီး မိုးသည်းထန်စွာ ရွာနေ
* * * * *

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် ၂၀၂၃ခုနှစ် မေလ(၁၄)ရက်နေ့ နေ့လည် (၁)နာရီ အခြေအနေမှာ လေပြင်းတိုက်ခိုက်ပြီး မိုးသည်း ထန်စွာရွာနေကြောင်း သိရသည်။

မင်းပြားမြို့သည် ပင်လယ်နှင့် မိုင် (၂၀)ဝန်းကျင်ဝေးသဖြင့် မြို့ပေါ်နေသူများမှာ ပြောင်းရွေ့ကြခြင်း မရှိသော်လည်း ပင်လယ်နှင့်နီးသည့် ကျေးရွာများမှ ဒေသခံများသာ မြို့ပေါ်နှင့် ကုန်းမြင့်ဒေသများကို ပြောင်းရွေ့လာကြခြင်းဖြစ်ကြောင်း သိရသည်။

“အိမ်ကောင်းကောင်း ဆောက်ထားတဲ့ သူတွေက မပြောင်းကြဘူး။ အများအားဖြင့် ခိုင်ခံတဲ့နေရာတွေမှာ စုနေကြတာများတယ်။ ဘုန်း ကြီးကျောင်းတွေမှာပေါ့။ မြို့ပေါ် က လူက မပြောင်းကြဘူး။ ရွာကလူတွေ ပြောင်းကြတာများတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

မင်းပြားမြို့နယ်တွင် မုန်တိုင်း တိမ်းရှောင်သူ (၂၀,၀၀၀)ဝန်းကျင်ရှိနေပြီး မုန်တိုင်းသတိပေးချက်များ ရရှိပြီးနောက် ကမ်းခြေအနီးရှိကျေးရွာများမှ ဒေသခံများသည် မင်းပြားမြို့ပေါ်သို့ လူဦးရေ (၃,၀၀၀)ကျော် ပြောင်းလာကာ မြစ်ကမ်းနှင့်နီးသည့် မြေပုံမြို့နယ် ကျေးရွာများမှ ဒေသခံများမှာ မင်းပြားမြို့နယ်တောင်ပိုင်း ကုန်းမြင့် ကြက်စင်ကျွန်းဟုခေါ်သည့် မင်းပြားမြေပုံကားလမ်းပေါ်ကို လူဦး ရေ (၁၀,၀၀၀) ကျော် ပြောင်းရွေ့လာကြသည်ဟု သိရသည်။

#TachileikNewsAgency

▬▬▬Tachileik News Agency▬▬▬
Email: [email protected]
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter : https://twitter.com/TNA_Myanmar
Telegram: https://t.me/TachileikNewsAgency
Instagram: https://instagram.com/tachileiknewsagency
Youtube: https://www.youtube.com/tachileiknewsagency
Facebook: https://www.facebook.com/TachileikNewsAgency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Comments are closed.