Tachileik News Agency : ရှင်ကျန်ရစ်သူ အချို့ပြောပြသည့် ပဇီကြီးရွာ လေကြောင်းပစ်ခတ်မှု ဖြစ်စဉ်



Tachileik News Agency : ရှင်ကျန်ရစ်သူ အချို့ပြောပြသည့် ပဇီကြီးရွာ လေကြောင်းပစ်ခတ်မှု ဖြစ်စဉ်

Tachileik News Agency : ရှင်ကျန်ရစ်သူ အချို့ပြောပြသည့် ပဇီကြီးရွာ လေကြောင်းပစ်ခတ်မှု ဖြစ်စဉ်

ရှင်ကျန်ရစ်သူ အချို့ပြောပြသည့် ပဇီကြီးရွာ လေကြောင်းပစ်ခတ်မှု ဖြစ်စဉ်
https://youtu.be/y3hzSw2oK1Y
* * * * *

ကလေးငယ်များ အပါအဝင် လူပေါင်း (၁၆၈)ဦး သေဆုံးခဲ့ရသည့် ပဇီကျေးရွာ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်မှ အသက်ရှင်ကျန်ရစ်သူအချို့အနက်မှ (၂)ဦးက ပြန်လည်ပြောပြထားခြင်းဖြစ်ပါသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရသည့် (၈)နှစ်အရွယ်ကလေး၏ ဖခင်နှင့် လက်ဖြတ်လိုက်ရသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးတို့က ကိုယ်တွေ့ကြုံခဲ့ရသည့် အခြေအနေများကို ယခုလို ပြန်လည် ပြောပြထားခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက ၂၀၂၃ ခုနှစ် ဧပြီလ (၁၁)ရက်နေ့တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြိုနယ်ရှိ ပဇီကြီးကျေးရွာတွင် အဆောက်အဦဖွင့်ပွဲအဖြစ် အလှူအတန်းလုပ်ကျွေးမွေးနေစဉ် လေကြောင်းမှ တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ် (၄၀)ဦး အပါအဝင် လူပေါင်း (၁၆၈)ဦး သေဆုံးခဲ့ရသည့်အပြင် (၁၆)ဦးဒဏ်ရာ အပြင်းအထန် ရရှိခဲ့ရခြင်းဖြစ်သည်။

သေဆုံးသူများတွင် အသက်အငယ်ဆုံးမှာ (၆)လအရွယ်ဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူများတွင် ကိုယ်ဝန်ဆောင်အမျိုးသမီး (၂)ဦးပါဝင်သည်ဟု သိရသည်။

ပဇီကျေးရွာမှ အစုလိုက်အပြုံလိုက် သေဆုံးမှု ဖြစ်စဉ်ကြောင့် ကျေးရွာဒေသခံများလည်း ရွာတွင်မနေရဲတော့ဘဲ တိမ်းရှောင်နေကြရသဖြင့် သေဆုံးသူများအတွက် ရက်လည်ကို ဧပြီလ (၁၇)ရက်နေ့က ဖုန်းမှတစ်ဆင့် အမျှပေးဝေပြုလုပ်ခဲ့ကြရကြောင်း သိရသည်။

#TachileikNewsAgency
▬▬▬Tachileik News Agency▬▬▬
Email: [email protected]
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter : https://twitter.com/TNA_Myanmar
Telegram: https://t.me/TachileikNewsAgency
Instagram: https://instagram.com/tachileiknewsagency
Youtube: https://www.youtube.com/tachileiknewsagency
Facebook: https://www.facebook.com/TachileikNewsAgency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Comments are closed.