Tachileik News Agency :မြင်းမူမြို့နယ်တွင် ဒရုန်းစစ်ဆင်ရေးများ ပြုလုပ်၊ စစ်ကောင်စီတပ်သား ၉ ဦး သေ



Tachileik News Agency :မြင်းမူမြို့နယ်တွင် ဒရုန်းစစ်ဆင်ရေးများ ပြုလုပ်၊ စစ်ကောင်စီတပ်သား ၉ ဦး သေ

Tachileik News Agency :မြင်းမူမြို့နယ်တွင် ဒရုန်းစစ်ဆင်ရေးများ ပြုလုပ်၊ စစ်ကောင်စီတပ်သား ၉ ဦး သေ

မြင်းမူမြို့နယ်တွင် ဒရုန်းစစ်ဆင်ရေးများ ပြုလုပ်၊ စစ်ကောင်စီတပ်သား ၉ ဦး သေ
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် ဒရုန်းစစ်ဆင်ရေးများ ပြုလုပ်ပြီး အဆိုပါစစ်ဆင်ရေးများအတွက် စစ်ကောင်စီတပ်သား ၉ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း Black Eagle Defence Force – MMU က ယမန်နေ့ ဇန်နဝါရီလ ၃၀ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

မြင်းမူမြို့၏ အနောက်မြောက်ဘက် ၁၃ မိုင်အကွာရှိ တောချောင်းဦးရွာမှ ရဲအင်အား ၂၀ ခန့်ရှိသည့် နယ်မြေရဲစခန်းကို ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီမှ စတင်ကာ ညနေ ၄ နာရီဝန်းကျင်အထိ ဒရုန်းဖြင့် ၇ ကြိမ် တိုက်ခိုက်ခဲ့ရာ ရဲ ၃ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လည်၄ နာရီအချိန်ခန့်တွင် မြင်းမူမြို့နှင့် ၇မိုင်ခန့်အကွာရှိ ဘိုးမင်းကင်းရွာအရှေ့ မုံရွာ-မန္တလေး လမ်းပိုင်း၊ မြောင်လမ်းခွဲအနီး အထိုင်ချနေသော စစ်ကောင်စီတပ်အား ဒရုန်းဖြင့် (၂)ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ဦး သေပြီး၊ ၂ ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂၉ ရက်နေ့၊ နံနက်တွင်လည်း မြောင်လမ်းခွဲအနီးရှိ စစ်ကောင်စီတပ်အား ဒရုန်းဖြင့် (၂)ကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့သည်ဟု သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

တိုက်ခိုက်မှုများအပြီးတွင် စစ်ကောင်စီတပ်ဘက်မှလဲ ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ပြီး ကာကွယ်ရေးအဖွဲ့များ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Drone စစ်ဆင်ရေးများကို Black Eagle Defence Force-MMU အဖွဲ့၏ Black Eagle Drone Force (Black Eagle ဒရုန်းတပ်ခွဲ) မှ ဦးဆောင်ပြီး People’s Defence Force Myinmu-MMU PDF နှင့် မြင်းမူမြိုနယ် ပကဖ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။

#TachileikNewsAgency
Video – Black Eagle Defence Force-MMU

▬▬▬Tachileik News Agency▬▬▬
Email: [email protected]
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter : https://twitter.com/TNA_Myanmar
Telegram: https://t.me/TachileikNewsAgency
Instagram: https://instagram.com/tachileiknewsagency
Youtube: https://www.youtube.com/tachileiknewsagency
Facebook: https://www.facebook.com/TachileikNewsAgency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Comments are closed.