53GB

ဒီပဲယင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်



ဒီပဲယင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်

ဒီပဲယင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်
https://www.youtube.com/TachileikNewsAgency/?sub_confirmation=1
* * * * *

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို ရေဦးမြို့နယ်ဘက်မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ပျူစောထီးတပ် အင်အား(၁၃၀)ဝန်းကျင်နှင့် ဒေသကာကွယ်ရေးတပ်များ ယမန်နေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၂)ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များဘက်က ကင်းထောက် ဒရုန်းဖြင့်ထောက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်ကြားမှ ပျောက်ကြားတိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ဒေသကာကွယ်ရေးတပ်များဘက်က (၇)ဦး ဒဏ်ရာရ(မစိုးရိမ်ရ)ရှိခဲ့သည်ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO)ထံမှ သိရသည်။

အဆိုပါစစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များဘက်က မိုင်း(၅)လုံးခွဲတိုက်ခိုက်နိုင်ခဲ့ပြီး တိုက်ပွဲမှာ (၁)နာရီဝန်းကျင် ကြာမြင့်ခဲ့ရာ စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးသူရှိနိုင်သည်ဟု ဆိုသည်။

တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(PDO) (Shwebo Justice Force)၊ ရွှေဘိုခရိုင် တပ်ရင်း(၉)၊ တပ်ရင်း(၁၂)၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းစစ်ကောင်စီတပ်များသည် ဒီပဲယင်းနယ်အရှေ့ခြမ်း မရကန်ရွာကို တတိယအကြိမ်ဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့ရာ ပြန်လည်တည်ဆောက်ထားသော မီးဘေးသင့်တဲများလည်း ပါဝင်သွားကြောင်း ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့က ယနေ့ ဩဂုတ်လ (၃)ရက်နေ့တွင် ဖော်ပြထားသည်။

ရေဦးမြို့မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်သားများသည် မရကန်ကျေးရွာအတွင်း ဝင်ရောက်ပြီး နေအိမ်(၂၇)အိမ်ခန့်အား မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး ကျေးရွာအတွင်း ‌ကျန်နေအိမ်များကို မွှေနှောက်ဖျက်ဆီးလုယူခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အိမ်များအနက် ယခင်မီးဘေးသင့် ပြန်လည်ဆောက်ထားသော နေအိမ်(၂၀)ကျော်မှာ ဒုတိယအကြိမ်မြောက် ထပ်မံမီးရှို့ဖျက်ဆီးခံရခြင်းဖြစ်ပြီး ၎င်းစစ်ကြောင်းကြောင့် ဒေသခံပြည်သူ သောင်းချီ စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် ဒီပဲယင်းမြို့နယ်အတွင်း မီးရှို့ခံနေအိမ်စုစုပေါင်း(၆၀၅၀)ကျော်ရှိသွားပြီဖြစ်ကြောင်းလည်း သိရသည်။

Video : ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့
▬▬▬Tachileik News Agency▬▬▬
Email: mail@tachileik.net
Website: www.tachileik.net
viber: https://vb.me/tachileiknewsagency
Twitter : https://twitter.com/TNA_Myanmar
Telegram: https://t.me/TachileikNewsAgency
Instagram: https://instagram.com/tachileiknewsagency
Youtube: https://www.youtube.com/tachileiknewsagency
Facebook: https://www.facebook.com/TachileikNewsAgency
#TachileikNewsAgency
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬

Exit mobile version